
Cert III in Health Services Assistance ကို ဘာကြောင့်ရွေးချယ်သင့်သလဲ
ကျန်းမာရေးစောင့်ရှောက်မှုတွင် အသက်မွေးဝမ်းကြောင်းပြုခြင်းသည် မွန်မြတ်ပြီး အကျိုးရှိသော ကြိုးပမ်းမှုတစ်ခုဖြစ်သည်။ ကျန်းမာရေးဝန်ဆောင်မှုများအကူအညီတွင် လက်မှတ် III သည် လူနာပြုစုစောင့်ရှောက်မှုတွင် အဓိပ္ပာယ်ပြည့်ဝသောအကျိုးသက်ရောက်မှုများပြုလုပ်လိုသောလူတစ်ဦးချင်းစီအတွက် ကောင်းမွန်သောအစမှတ်တစ်ခုအဖြစ်ဆောင်ရွက်ပါသည်။
Cert III in Health Services Assistance ကို ဘာကြောင့်ရွေးချယ်သင့်သလဲ ?
- ကျယ်ပြန့်သောကျွမ်းကျင်ဖွံဖြိုးမှု: ဒီလက်မှတ်ကိုရရှိပြီးလျှင်ကျန်းမာရေးစောင့်ရှောက်မှုပိုင်း မှာ ကျွမ်းကျင်သူများနှင့်အတူတကွ အလုပ်လုပ်ကိုင်နိုင်မည့်အခွင့်အရေးများရရှိပါမည်။
- ကျန်းမာရေးနယ်ပယ်မှာ ထိရောက်သော လူမှု ဆက်ဆံရေး
- ဆေးဘက်ဆိုင်ရာ အခေါ်အဝေါ်များ
- လူနားများ၏နေ့စဥ်ဘဝမှာ အကူအညီပေးခြင်း
- လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့်ရောဂါကင်းရှင်းရေး အစရှိသည့် ခေါင်းစဥ်အောက်တွင်လည်းကျယ်ကျယ်ပြန့်ပြန့် လေ့လာရမည်ဖြစ်ပါသည်။
- အမျိုးမျိုးသော အလုပ်အကိုင်အခွင့်အလမ်းများ: ဘွဲ့ရပြီးသော သူနာပြုများအနေနဲ့ အောက်ဖော်ပြပါ နေရာများတွင် လုပ်ကိုင်နိုင်ပါသည်
- သူနာပြု အကူ: ဝါရင့်သူနာပြုများ၏လေ့ကျင့်မှုအောက်တွင်လူနာများအားပြုစုစောင့်ရှောင့်နိုငိခြင်း
- လူနာစောင့်: လူနာများအားနေရာရွှေ့ပြောင်းခြင်း၊အစားအစာ ပို့ခြင်းနှင့် အိပ်ယာပြုပြင်ထိန်းသိမ်းရေး
- လူနာဆောင် လက်ထောက်စီမံခန့်ခွဲရေးလုပ်ငန်းများအပါအဝင်၊ဆေးရုံ အဆောင်များ၏နေ့စဥ်လုပ်ငန်းစဥ်များတွင် ကူညီပေးခြင်း
- ထပ်ဆင့်ပညာရေးလမ်းကြောင်း: ဒီလက်မှတ်က ကျန်းမာရေးစောင့်ရှောက်မှုမှာ အဆင့်မြင့်လေ့လာမှုတွေအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါသည်
- သူနာပြု သို့မဟုတ် တွဲဖက် ကျန်းမာရေးပိုင်းမှာ ဒီပလိုမာနှင့် ထပ်ဆင့်ဒီပလိုမာ
- ကျန်းမာရေးနယ်ပယ်နှင့် သူနာပြု ဘွဲ့လက်မှတ်၊ ကျန်းမာရေးနယ်ပယ်နှင့် သက်ဆိုင်သောသူနာပြုဘွဲ့လက်မှတ်
- လုပ်ငန်းခွင်လိုအပ်ချက်: ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍက သိသိသာသာ တိုးတက်လာနေပြီး အရည်အချင်းပြည့် ဝသောကျန်းမာရေးဝန်ထမ်းလိုအပ်ချက်ဟာလည်း မြင့်မားလျက်ရှိပါသည်။ ဒီအသိအမှတ်ပြုလက်မှတ်ဟာသေချာသောအနာဂါအလုပ်အကိုင်အတွက်အာမခံချက်လည်းဖြစ်ပါသည်။
ကျောင်းသားများ၏အတွေ့အကြုံများ
အသိအမှတ်ပြုလက်မှတ်ဟာ များစွာသောကျောင်းသားကျောင်းသူများအတွက်အပြောင်းအလဲ ဖြစ်စေခဲ့ပါသည်။
Danny - ကျောင်းသားDanny ဟာဆိုလျှင် ရိုးရိုးGym တစ်ခုတွင် အလုပ်လုပ်ကိုင်ခြင်းမှ ဒီအသိအမှတ်ပြုလက်မှတ်ကို ရရှိပြီးနောက် ကာကွယ်ဆေးထိုးဌာနတစ်ခုတွင် ဦးဆောင်ရသော (Team Leader) အဖြစ်ပြောင်းလဲ လုပ်ကိုင်နိုင်ခဲ့ပါသည်။ သူ့ရဲ့ အောင်မြင်မှု အသက်မွေးဝမ်းကျောင်းပြောင်းလဲမှုအတွက် ကူညီလမ်းပြပေးသူများနှင့်လက်တွေ့လေ့ကျင့်မှုကိုသူဂုဏ်ပြုခဲ့ပါသည်။
နိဂုံးချုပ်
Certificate III in Health Services Assistance က သင့်အား တန်ဖိုးရှိသောကျွမ်းကျင်မှုများနှင့် အသိပညာများ ရရှိစေရုံသာမက အခြားသူများကို ကူညီပေးရန် ရည်ရွယ်သည့်အသက်မွေးဝမ်းကျောင်းအတွက်အခွင့်အလမ်းများဖွင့်ပေးသည့် တံခါးလည်းဖြစ်ပါသည်။